Saturday, February 4, 2012

ရွေးချယ်မှု ( ၁ )

“ ဒါကို ကျွန်တော် လုပ်ရင် အောင်မြင်မှာလား .... အော်ရင်ကယ် ”“

ဒါကတော့ မင်းရွေးချယ်မှုပဲ နီယို.....

ဘ၀ ဆိုတာ ရွေးချယ်မှုပဲ... အတုအယောင် လောကကြီးမှာ အစစ်ဆိုလို့ အချစ်တခုပဲ ရှိတယ်

မင်းရွေးချယ်မှု တခုပြုလုပ်လိုက်တာနဲ့ ကျန်တာက ငါဆက်ပြောလို့ မတတ်တော့ဘူး

မင်း ဘာလုပ်နိုင်လည်း မင်းပဲ သိတယ် ဒါပင်မဲ့ မင်းကို ငါယုံတယ် နီယို ”



The Matrix ရုပ်ရှင်ထဲ စကားလုံးတွေပါ ဘ၀ဆိုတာ ရွေးချယ်မှုလို့ ဒါရိုက်တာက ပြောချင်တာပါ ။ ကျွန်တော်တို့ တခုခုကို ရွေးချယ်လိုက်တာနဲ့ ဘ၀ က ပြောင်းလဲ သွားရတာပါပဲ ပြန်ပြင်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ

ရွေးချယ်မှုတိုင်းက လည်း ဘ၀အတွက် အရေးပါနေတာပဲ ဒါကတော့ ဘာမဟုတ်တဲ့ ကိစ္စလေးပါပဲ ဆိုပြီး လုပ်လိုက်တဲ့ကိစ္စ တခါတလေမှာ အကြီးအကျယ် အမှားလုပ်မိတာလည်း ရှိပါတယ် နောင်တချိန်ကျမှ ငါတော့ အဲတုန်းက ဒီလို လုပ်ခဲ့ ရမှာဆိုပြီးနောင်တတွေ ရကြတဲ့ လူတွေ အများကြီးပါ။ ဒီတော့ ရွေးချယ်မှုတိုင်းမှာ တာဝန်တို့ မျှော်လင့်ချက်တို့ဆိုတာတွဲလျက်ပါလာရတာပါပဲ တချို့ လူတွေ အတွက်တော့ ရွေးချယ်မှု ကို တာဝန်နဲ့ တွဲမမြင်ကြတာ များပါတယ်။



ရွေးချယ်မှုဆိုတာ ကို ကြည့်ပြန်တော့ တချို့ အရာတွေက ကိုယ်တိုင်ရွေးချယ်လို့ ရပင်မဲ့ တချို့ အရာတွေကျတော့ ကံကြမ္မာရဲ့ ရွေးချယ်မှုကို လိုက်နာရပြန်ရော အဲအချိန်ကျတော့ တာဝန်ဆိုတဲ့ အရာကို မလိုချင် လိုချင် ထမ်းဆောင်ကြရပါပါတယ်။

ဒီလို ကိုယ်တိုင်ရွေးချယ်လို့ မရတဲ့ အရာတွေ ထဲမှာ မိဘ ဆွေမျိုး ညီအကို နောက်ဆုံး ကြင်ရာဘက် အထိ တောင် ကိုင်တိုင် ရွေးချယ်မှုမရတဲ့ လူတွေ ရှိပါတယ် ။ လူတွေ ဆိုတာက တဦးထဲ အတွေးနဲ့ ရွေးချယ်လို့ မရတော့ တယောက်ထဲပဲ ခံစားမှုတွေ နာကျည်းမှုတွေအလိုမကျမှုတွေနဲ့ ရင်ဆိုင်ရတာပါပဲ ။



ဒီလို အခြေအနေ ရောက်ရင် ပြည်သူတွေ ရဲ့ ခံစားမှု နာကျည်းမှု ဟာ တူရာတူရာ ရွေးချယ်မှုအသစ်တွေကို လုပ်လာရပါတော့တယ် ။



ဒီတော့ အမှန်တရားဘက်ကို ရွေးချယ်မလား မှားတဲ့ အခြေအနေအောက်မှာ ရေစုန်မြောလိုက် ကြမလားဆိုတဲ့ မေးခွန်းက အရေးပါလာပါတယ် ။ နိုင်ငံနဲ့ ချီပြောလို့ရနေတယ် ဆိုပင်မဲ့ သေချာပြန်စဉ်းစားရင် လူတဦးချင်း ရဲ့ ရွေးချယ်မှုဆိုတာ တိုင်းပြည်ရဲ့ရွေးချယ်မှုပါပဲ ။ တိုင်းပြည်ကောင်းတဲ့ လမ်းပေါ် ရောက်စေချင်တာဟာ ကျွန်တော်တို့ တဦးချင်းရဲ့ရွေးချယ်မှုတွေနဲ့ တိုက်ရိုက်ကို သက်ဆိုင်နေပါတယ် ။ကျွန်တော်တို့ တိုင်းပြည်ဟာ ကျွန်တော်တို့ ရွေးချယ်မှုပါပဲ ကျွန်တော်တို့ ရွေးချယ်မှုဆိုတာ လည်း ကျွန်တော်တို့ တိုင်းပြည်ပါပဲ ။



လူတချို့က ဘ၀ ကို ရွေးချယ်မှုလို့ မမြင်ကြပဲ တိုက်ပွဲလို့ မြင်ကြတယ် ။ တိုက်ပွဲ ဆိုတာ အနိုင်နဲ့ အရှုံး ပါပဲ မနိုင်ရင် ရှုံးမှာပါပဲကျွန်တော်ကတော့ အဲလို့ မမြင်ပါဘူး ရွေးချယ်မှု အလွဲတွေကို လုပ်လို့ လွဲသွားရတယ်လို့ မြင်ပါတယ် ။ ကိုယ်ကိုကိုယ် ဘာလိုချင်မှန်း မသိပဲ သူများပြောလို့ လိုက်လုပ်ကြတယ် အချိန်တန်နောင်တ ရတော့မှာ သူများကို လက်ညိုးထိုးတော့ပါပဲ.......။မင်းမြောက်ပေးလို့ ငါဒီလို ဖြစ်ရတယ် ဆိုတာ ရှိသေးတယ် ။ ဒီလို လူတွေ က သာမန်နေရာမှာဆို သိပ်ပြဿနာမရှိ ပေမဲ့ တိုင်းပြည်ခေါင်းဆောင်နေရာကို ရောက်သွားတဲ့ အခါကြတော့ အများကြီး နစ်နာ ကုန်တာပေါ့ဗျာ။ ကိုယ်ပိုင် ဆုံးဖြတ်ချက် မရှိတဲ့လူတွေကြောင့်ရွေးချယ်မှုဆိုတာ ပျောက်ဆုံးသွားတယ် ဒါကို လုပ်ရင် ဒါဖြစ်ရမယ် ဆိုတဲ့ အသိက တကယ်တော့ မလုံလောက်ပါဘူး။

ဥပမာ တခု ကတော့ ဆေးလိပ်သောက်လို့ အဆုတ်ရောဂါဖြစ်တယ် ဆိုပင်မဲ့ လူတိုင်းတော့ မဟုတ်ပါဘူး ဆေးလိပ်မသောက်ပဲ လည်း အဆုတ်ကင်ဆာ နဲ့ သေသွားသူတွေ တပုံကြီးပါ ။ ၁ နဲ့ ၁ ပေါင်းလို့ ၂ ပဲရရမယ် ဆိုတဲ့ အတွေးနဲ့ ရွေးချယ်ကြမယ်ဆိုရင် မှားဖို့က ရာခိုင်နှုန်းများ ပါလိမ့်မယ် ။



( နောက်မှ ဆက်ရေး ပါအုန်းမယ် )4.2.2012

ချမ်းမြေ့


facebook

No comments:

Post a Comment