Sunday, April 24, 2011

လျှာရှည်မိခြင်း ......များ

(ကမ္ဘာ မကြေဘူး ...........ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းဟေ့.......)

ဒီစာသားတွေ ကို ခပ်ကျယ်ကျယ်လေး ဆိုကြည့်လိုက်တယ်ဗျာ.. စိတ်ထဲမှာ တော်တော်လေးခံစားရပါတယ်.။ ကျွန်တော် တို့တွေ ဒီစာသားကို ရတဲ့လူတော်တော်လေးနည်းနေပြီ.....ထင်တယ် ။ အရှေ့တောင် အာရှ ရဲ့ နောက်ဆုံးဘိတ်ဖြစ်နေတဲ့ နိုင်ငံ ၊အရပ်ပုပု ကွမ်းစားတဲ့ လူမျိုး ၊ ကမ္ဘာပေါ်မှာ သယံဇာတ အများဆုံး တိုင်းပြည် ဆိုတာ စွယ်စုံကျမ်းထဲ ရောက်တော့ မယ်ထင်ပါရဲ့....

မြန်မာပြည်ရဲ့ အနာဂတ်ကို ဒီနေ့အချိန်မှာ ပြောပြနိုင်တဲ့ တော်တော် ရှားမယ်။ မြေခံရေခံ အင်မတန်ကောင်းသောတိုင်းပြည် တခု ကမ္ဘာပေါ်ကနေ ပျောက်ရတော့ မယ်အခြေအနေဖြစ်နေပါပြီ။ လူမျိုးဘာသာ သာသနာ ကွယ်တော့မယ်အခြေအနေတခုဖြစ်နေပါပြီ ။ လူတိုင်း တနေ့လုပ်စာ တနေ့ မလောက်တဲ့ အခြေအနေမှာ သီလ စောင့်ဖို့ အတွက် ကျွန်တော်တို့ မလုပ်အားပါဘူး။ တရားပွဲတွေကို ကံစမ်းမဲ ဖောက်ပြီး တရားနာခေါ်ရလောက်အောင်ဖြစ်နေပါတယ် (အမှန်တကယ်ပါ)

တိုင်းပြည်ကို တိုးတက်အောင်လုပ် နေပါတယ်လို့ တစာစာအော်ပြီး ရသလောက်အိပ်ထဲထည့်နေသူလူတစုကတော့ မသိချင်ယောင်ဆောင်နေကြပါတယ် ။ ကျွန်တော်တို့ လိုချင်တဲ့ အခြေအနေတခုကို ကျွန်တော်တို့ ကိုယ်တိုင် မလုပ်နိုင်သရွေ့ အာဏာရှင်တို့ စိတ်တိုင်းကျလုပ် နေမှာပါပဲ။ လူတိုင်းမှာ မွေးရာပါ လူအခွင့်အရေးဆိုတာ ရှိပါတယ် ဒီအခွင့်အရေးကို ကျွန်တော်တို့ က ဘယ်သူတောင်းစား ဆီကမှ ပေးပါလို့ တောင်းစရာ မလိုပါဘူး ကိုယ်တိုင်ရအောင်လုပ်ရမှာပါ... တယောက်ခြင်းရပိုင်ခွင့် ဟာ အများစုရဲ့ ရပိုင်ခွင့် ဖြစ်ပါတယ် လူတိုင်း တန်းတူ ရရပါမယ်။ တယောက်ထဲက လည်း လုပ်မပေးနိုင်ပါဘူး ကိုယ်ထူကိုယ်ထ လုပ်ရမှာပါ.... ၊

ကျွန်တော် ရန်ပွဲတခုတွေ့ဘူး ပါတယ် ရပ်ကွက်တခုရဲ့ဈေး တခုမှာပါ ၊ အော်ကျဟစ်ကျ လမ်းပေါ်တက်ပြီး ဆဲဆို ကြပါတယ် တဖက်နဲ့ တဖက် လူကြားလို့မကောင်းအောင် ဆဲပါတယ်။အချိန်တန်တော့ ပြီးသွားပါတယ် နောက်ဆုံး ဘာကျန်ခဲ့သလဲ ဆိုတော့ ဘာရလိုက်သလဲဆိုတော့ ဘာမှ မရပါဘူး သူတို့ အချင်းချင်းလည်း ဘာမှ မဖြစ်ကျပါဘူး ဘေးက လူတွေ အဆဲခံရ တာပဲ အဖတ်တင်ပါတယ် ။ ကျွန်တော် တို့ မြန်မာတွေက ဒီလောက်ပဲ သတ္တိရှိကြသလား ကျွန်တော်တွေးပါတယ်......။ ဆဲကြ ကန့်ကွက်ကြ လက်မှတ်ထိုးကြ အဆင့်ကနေ့ မတက်ကြတော့ ဘူးလား.....ဆိုတာတွေးစရာပါ ။

လေးစားစွာဖြင့်

ချမ်းမြေ့

No comments:

Post a Comment