ရာသီချိန်က ဖောက်ကြတဲ့ရာသီပဲ တဒိုင်းဒိုင်းနဲ့ကို ဖောက်တာ ၊ မနက်ဖိုးလင်းတာနဲ့ ဖုန်း၊ ဒိုင်း၊ အုန်း ကြားရတော့တာ ပဲဗျ ။ကလေးတွေကလည်း ဖောင်းဒိုင်း လူငယ်တွေက လည်း ဖောင်းဒိုင်း.... အားပါးဖောက်လိုက်ကြတာ မီးကုန်ပဲ
မဖောက်ရင် ကိုယ်လည်း ခေတ်နောက်ကျမယ်ဆိုပြီး အားကျမခံ သွားဝယ်ပါတယ် ။
ဆိုင်တွေက လည်း ပေါမှပေါ ဗျာ ထောင် ၃ နှစ် မကြောက်တာလား သေမထူးနေမထူးပဲလားတော့ မမေးကြည့်မိဘူး။
“တခု ဘယ်လောက်လဲဗျ”“၅၀.....
နှစ်ခုပေးဗျာ ဒါဆို ”
ကျွန်တော်လည်း ကလေးတွေ ကို အားကျမခံ ရူးဒိုင်းဟု( ခေါ်) တရုတ်ကြီးတို့ ရဲ့ အိတ်စပို့ ပစ္စ္စည်းကို ခါးကြားထိုးပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့ အမေမသိအောင် အသာလေး အိမ်ရှေ့ထွက် မြေကြီးပေါ်ကို အသာလေးစိုက်ပြီး သကာလ ဖင်ကိုမီးနဲ့ တေ့လိုက်ပါတော့တယ်..................။
ရှုး............ဆိုပြီး မီးခိုးတွေထွက် လာတော့ ကျွန်တော်လည်း နား၂ ဘက်ကို ပိတ်ပြီး ခပ်လှမ်းလှမ်းကို ပြေးရပါတော့တယ်။
အဲမှာ ပြဿနာက စတာပဲ......ဘယ်လိုဘယ်ဖြစ်တယ် မသိဘူး ကျွန်တော်ထောင်ထားတဲ့ ရှုးဒိုင်းခေါ် ဗျောက်အိုး အကြီးစားဟာ မိုးပေါ်ကို တည့်တည့်မသွားပဲ သဝေထိုးပြီး သူများ အိမ်ထဲကို အလိုက်ကမ်းဆိုးမသိစွာ ၀င်သွားပါတော့တယ်.........။
ရူး ...အုန်းဆိုပြီး အသံကြီးက ထွက်လာတော့ပေါ့ဗျာ....။
ကျွန်တော်လည်း မြန်မာ ပီပီ မျက်နှာလွဲ ခဲပြစ် အထာနဲ့ မသိချင်ယောင်ဆောင်ရတော့တာပေါ့...... :D ။
အိမ်ရှေ့ အိမ်က လည်း မြန်မာသံ စစ်စစ်နဲ့ မေ..ိုး မိမစစ် ဖ မစစ်...@^R^&**&Y ........... အစရှိတဲ့ ကောင်းချီးမင်္ဂလာ ကို ရွတ်ပါတော့တယ်။..... လူတွေက လည်း ကွက်ကြည့် ကွက်ကြည့်ပေါ့ဗျာ... ကျွန်တော်ကလည်း ဘေးကြည့် အပေါ်ကြည့်လိုက်ကြည့်ရတာပေါ့ လေ မသိရင် သူများက လုပ်ပြီးပြေးသွားသလိုလိုပေါ့ဗျာ ။ ကလေးတွေ ကပဲ သောက်ကမြင်းကျောထပြီးလုပ်သလို မျက်နှာပေးလေးနဲ့ ပေါ့ဗျာ......ဟီး။
နောက်ဆုံးတော့ အာညောင်းသွားဟန်တူပါတယ် အိမ်ထဲကို ပြန်ဝင်သွားပါလေရော။ ရှုးဒိုင်းဆိုတဲ့ ငနဲ့ကလည်း လမ်းချော်ပုံကအစမ်း အဲဒိအိမ်ရဲ့ ရေတန်းလျှောက် (ရေဒရောက်) ထဲကို ၀င်ပြီး အုန်းဆို ထပေါက်တာဗျ..။ ရေတန်းလျှောက် မကွဲတာကံကောင်းပေါ့ဗျာ.... ဟီး။ နောက်တော့ အမေသိတော့ ပွပ်ပါလေရောပေါ့ မကြီးမငယ်နဲ့ ပေါက်ပန်းစေးလုပ်တယ် ဘာညာပြောတော့တာပဲ။နောက်များတော့ ရှုးဒိုင်းကို မသိချင်ယောင်ဆောင်ရတော့မှာပေါ့....... အဟစ်၊
..............
ချမ်းမြေ့
(သီတင်းကျွတ်မှာ မကျွတ်သေးတဲ့ ဘော်ဘော်များအတွက် ရှုးဒိုင်းဖောက်နည်းပါ):))))))
No comments:
Post a Comment